Published on July 5, 2023 in honor of Kawthoolei Armed Forces Day.
By Saw Lahkbaw
Image Courtesy : Wild Bird Film
Ethnic Composition of the Armed Forces in Burma, 1931 [1]
Ethnic Composition of the Armed Forces in Burma, 1941 [2]
When the Karen Revolution War started, armed forces under Marine, Signals, Artillery and Armor, Engineers and other personnel were joining forces with the Karen National Defense Force (KNDO) and the Karen Rifles into the Karen Revolution. [3][4]
Kawthoolei Armed Forces was officially recognized in 1956 Congress under the Kawthoolei Governing Body (KGB).
Kawthoolei Armed Forces were to be all encompassing armed forces of Kawthoolei under one command -- KAF constitute ground force, air force, navy force and any other armed forces under defense service -- just like IDF (Israel Defense Forces), SAF (Singapore Armed Forces), Republic of China Armed forces that have army, navy, air and intelligent forces.
Kawthoolei Marine Corps
Kawthoolei Navy
Kawthoolei Air Force
Kawthoolei Coast Guard
Kawthoolei Army
Kawthoolei Border Guard
Kawthoolei Cyber Force
Kawthoolei Army Corps of Engineers
District People Defense Force
Kawthoolei Space Force
Kawthoolei Secret Service
Kawthoolei Military Intelligence
Photo source: Myanmar Now
ဇွန်လှိုင် ၅, ၂၀၂၃
ကော်သူးလေတပ်မတော်ဖွဲ့စည်းလာသည့်သမိုင်းကြောင်း အမှတ်မှား၍ မရသော သမိုင်းစာမျက်နှာ-
၁။ ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကော်သူးလေ အစိုးရ (KGB) ကို တောင်ငူတွင် စတင်တည်ထောင်ခဲ့သည့်နေ့ဖြစ်သည်။ ကော်သူးလေမြို့တော်ကိုလည်း တော်ငူမြို့ကို သမုတ်ခဲ့သည်။
၂။ ၁၉၅၁ ခုနှစ်၊ ဇွန် ၁၄ ရက်နေ့တွင် ကော်သူးလေအစိုးရ (ကေဂျီဘီ) အစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ဇွန်လ ၁၄ သည် ကော်သူးလေအစိုးရ ဖွဲ့စည်းတည်ထောင်သောနေ့ဖြစ်သဖြင့် ဇွန် ၁၄ သည် ကော်သူးလေနေ့ဖြစ်ကြောင်း သတ်မှတ် အတည်ပြုခဲ့သည်။ ထိုအစည်းအဝေးအတွင်းပင် ကော်သူးလေလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ကော်သူးလေတပ်တော် (KAF) ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့ပြီး စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်မင်းမောင်ဖြစ်သည်။
၃. ၁၉၅၆ ခုနှစ်၊ ဇွန်လှိုင်လ အတွင်း မောကို ကွန်ဂရက်ကို ကျင်းပခဲ့ကြသည်။ ကွန်ဂရက်ကျင်းပပြီး စစ်ဘက်ဆိုင်ရာကို ကျေကျေလည်လည် ထို ဇွန်လှိုင်လ ၅ ရက်တွင် တင်ပြဆွေးနွေးခဲ့ကြပြီး စစ်ရေးဆုံးဖြတ်ချက်များချမှတ်ခဲ့ကြကာ၊ ထိုနေ့တွင် ကော်သူးလေးတပ်တော်နေ့ကို သတ်မှတ်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ကော်သူးလေးလွတ်မြောက်ရေးတပ်တော် KPLAF ကို ဖွဲ့စည်းပြီး ၎င်း၏ အောက်တွင် KNDO, KPGF (ပျောက်ကျား), KPLA (အမြဲတမ်း) တပ်ထားရှိ့သွားသည်။
၄. ၁၉၆၀ ခုနှစ်တွင် အရှေ့တိုင်း တပ်မှူးများအစည်းအဝေးကို ဘိုဆာခီးတွင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ဟန်သာတာမွေးကို ထောက်ခံသည့် တပ်မှူးများ အရေအတွက်များသဖြင့် နာမည်အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ KPLAF ကို KAF ဟု ပြန်လည် ပြောင်းခေါ်ခဲ့ပြီး၊ KPLA ကို KNLA ဟု ပြောင်းလဲ ခေါ်ဆိုခဲ့သည်။
သမိုင်းအနက်ကောက်ရလျှင် ကော်သူးလေအစိုးရနေ့ ကို ၁၉၅၁ ခုနှစ်မှာ ကျင်းပ သည့် ကော်သူးလေအစိုးရအစည်းအဝေးမှာ ဇွန်လ ၁၄ ရက်နေ့ဖြစ်ကြောင်း ပြန်လည်သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်သလို၊ ကော်သူးလေလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုလည်း ကော်သူးလေတပ်တော် ဖြစ်ကြောင်း ကြေငြာသည်။ သို့သော် သမိုင်းမှတ်တမ်းအရ ကော်သူးလေတပ်မတော်နေ့ကိုတော့ ထိုစဉ်က နေ့ရက် မသတ်မှတ်ခဲ့သော်လည်း ၁၉၄၉ခုနှစ် ကော်သူးလေအစိုးရဖွဲ့စည်းစဉ်ကအချိန်ကို ရည်ညွန်းကြောင်း နားလည်နိုင်ပါသည်။
ကော်သူးလေတပ်တော်နေ့ကို ၁၉၅၆ခုနှစ်၊ ဇွန်လိုင်လ ပထမအပတ်မှာ ကျင်းပခဲ့သည် မော်ဂိုကွန်ဂရက်တွင် နိုင်ငံရေး ဒုတိယလမ်းစဉ်ကို ပြန်လည်ချမှတ်ခဲ့ကြပြီး၊ စစ်ရေးလုပ်ငန်းစဉ်ကိုလည်း ဇွန်လိုင် ၅ ရက်နေ့ တင်ပြဆွေးနွေးအတည်ပြုသဖြင့် ဇွန်လှိုင် (၅) ရက်နေ့ကို ကော်သူးလေတပ်တော်နေ့ဟု သတ်မှတ်ခဲ့ကြသည်။ ကော်သူးလေအစိုးရဖွဲ့စည်းချိန်ကနေ ယနေ့အချိန်အထိ ကော်သူးလေတပ်တော်သည် နာမည်အပြောင်းအလဲများရှိ့ခဲ့သလို၊ ကော်သူးလေတပ်တော်ဟူသော နာမည်မှာပင် တိမ်ကောသွားခဲ့သယောင် ရှိ့ခဲ့သည်။ ဥပမာ - ၁၉၅၁ ခုနှစ်တွင် ကော်သူးလေအစိုးရအစည်းအဝေးကြေငြာချက်တွင် ကော်သူးလေးလက်နက်ကိုင်အဖွဲ့အားလုံးကို ကော်သူးလေတပ်တော် (Kawthoolei Armed Forces -KAF) ဟု ကြေငြာခဲ့ပြီးဖြစ်သော်လည်း၊ ၁၉၅၆ ခုနှစ်တွင် ကျင်းပခဲ့သော် မောကို ကွန်ဂရက်မှာမူ ကော်သူးလေလွတ်မြောက်ရေးတပ်မတော် KPLAF ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြပြန်သည်။
တဖန်, ၁၉၆၀ တွင် KPLAF ကို KAF ဟု ယခင်နာမည်အတိုင်းပြန်ပြောင်းခေါ်ဆိုပြီး၊ KPLA ကို KNLA ဟု ပြန်လည်သုံးနှုန်းသည်။ ၁၉၉၃ နောက်ပိုင်း ကော်သူးလေတပ်တော် (KAF) ဟူသည့်အမည်နာမထက် KNLA အမည်နာမကိုသာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြပြီး၊ ၂၀၂၂ ခုနှစ် ဇွန်လိုင်လ အတွင်းမှာ Kawthoolei Armed Forces – KAF ကို ယခု ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ့ ရဲဘော်တို့၏ ဘယ်ဘက်ရင်ဘတ်တွင် “ကီၢ်သူလ့ၤသုးမုၢ်ဒိၣ်”ဟူ သောစာတမ်းကို ပြန်လည်တပ်ဆင်လာကြသည်။ [5]
ဤအကြောင်းအရာကို အကျယ်တဝင့် ရေးသားတင်ပြရခြင်းက လက်ရှိကျရောက်လာသည့် ကော်သူးလေတပ်မတော်နေ့သည် ကော်သူးလေးအတွင်း ရှိ KNLA ရဲဘော်များသာမက ကော်သူးလေးအတွင်း KNDO နှင့် အခြားရဲဘော်များအားလုံးအကျုံးဝင်ကြောင်း ရှင်းပြလိုခြင်းဖြစ်သည်။ အကယ်၍ ကော်သူးလေ တပ်မတော်နေ့သည် KNLA နေ့သာ ဖြစ်လျှင် KNDO အတွက် အကျိုးမဝင်ကြောင်း နှင့် အနစ်သာရမပြည့်ဝကြောင်း ထင်ရှားသည်။
ပုံ/ ရဲဘော် အေဘီစီ
KNU Chair letter on 74th KAF Day (page 1) [6]
KNU Chair letter on 74th KAF Day (page 2) [6}
KNU Chair letter on 74th KAF Day (page 3) [6]
[1][2] Callahan, M. P. (2005). Making Enemies: War and State Building in Burma. (pp. 36, 42)
[3] The Karen Rifles - http://www.rothwell.force9.co.uk/burmaweb/Karen%20Rifles.htm
[4] Callahan, M. P. (2005). Making Enemies: War and State Building in Burma.
[5] စကောလယ်တော၊ ကရင်တော်လှန်ရေးသမိုင်း
[6] KNU Head Quarter Facebook https://www.facebook.com/KNUHQKTL